မဟာအောင်မြေမြို့နယ်၊  ၃၈လမ်းရှိ ထူးရှယ်ဆန်နှင့်ဆီအရောင်းဆိုင်သို့ စစ်ဆေးခြင်း

Powered by Drupal

                    မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ထူးရှယ်ဆန်နှင့်ဆီရောင်းချ သည့်ဆိုင် သို့ သွားရောက်၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မန္တလေးတိုင်းဒေသကြီး (အသင်းခွဲ) ၏ အရောင်းအဝယ်ဖြစ်သည့် ဆန်စျေးကွက်စျေးနှုန်းများ သတ်မှတ်ချက်ထက် ဆန်စျေးနှုန်းပိုမို ရောင်းချခြင်းရှိမရှိနှင့် ဆန်လက်ကျန်အခြေအနေများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည် များအသင်း၊ ဥက္ကဌဦးကျော်မင်းဌေးနှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန၊မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၊  ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လွင်နှင့် ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေတို့ ပါဝင် ပြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစားစျေးနှုန်းများ သင့်တင်မျှတသောစျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။                                                                          DOCA(မန္တလေး)