မွန်ပြည်နယ် MSME ပြခန်းများဖွင့်လှစ်ပြသရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပါဝင်ပြသ

Powered by Drupal

       မွန်ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် မွန်ပြည်နယ်ဒေသထွက် MSME ထုတ်ကုန် ပြခန်းများဖွင့်လှစ်ပြသခြင်းကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ (၁၄.၁၁.၂၀၂၅) ရက်မှ (၁၆.၁၁.၂၀၂၅) ရက်နေ့ထိ (၃) ရက်တိုင်တိုင် ဖွင့်လှစ်ပြသခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

     ပြခန်းများဖွင့်လှစ်ပြသရာတွင် ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များ၊ ရေထွက်ပစ္စည်း များ၊ ရော်ဘာပြားများနှင့် ရော်ဘာထုတ်ကုန်များ၊ Rubber Wood ထုတ်ကုန်များ၊ ကွမ်းသီးနုပေါင်း၊ ဝဥခြောက်ထုတ်ကုန်များ၊ ပန်းပုရုပ်တုများ၊ ဝါးအခြေခံထုတ်ကုန်များ၊ စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ စားသောက်ကုန်များ၊ လူသုံး ကုန်များ၊ အလှကုန်များ စသည့် မွန်ပြည်နယ်အတွင်းထုတ်လုပ်သည့် MSMEs ထုတ်ကုန် ပြခန်းပေါင်း (၂၅) ခန်းဖွင့်လှစ်ပြသခဲ့ရာ အဆိုပါ ပြခန်းများသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)