
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြစ်သားမြို့နယ် ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အောက်တိုဘာလ(၁၃) ရက်နေ့ တွင် မြစ်သားမြို့နယ်ရှိ ရွှေနတ်သား သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ဆေးရေး အရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှပြန်ရောက်ရှိလာသော ဗူးခွံများ၏ အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း ၊ ရေသန့်များထုတ်လုပ်ရာတွင်
စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ နှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော(၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များ လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
