အနာဂတ်ကြယ်ပွင့်လေးများ ကျန်းမာပျော်ရွှင်ဖို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးစို့

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၀)၊ အခြေခံပညာမူလတန်းကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံ ရောင်းချသည့် ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)