ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၅)ကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ဆောင်ရွက်ရန် ရည်ရွယ်၍ ခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါအစည်းအဝေးတွင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ(ကိုယ်စား)ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲကျော်စွာက အဖွင့်အမှာစကားပြောကြားရာတွင် ဤအစည်းအဝေးသည် ပထမအကြိမ်မြောက်(၁/၂၀၂၅)အစည်းအဝေးဖြစ်ကြောင်း၊ အစည်းအဝေးကို သုံးလတစ်ကြိမ် ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင် နှင့် ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှု ရှိသော လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးမှုကြောင့် ပြန်လည်ကုစားခွင့်ရရှိမှာဖြစ်သောကြောင့် အဖွဲ့ဝင် များမှ အလေးထားဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ခရိုင်ကော်မတီအတွင်းရေးမှူး ဦးဝေဠုအောင်က ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းခြင်း၊ အမှာစာများဖတ်ကြားခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြခြင်းနှင့် ကော်မတီအဖွဲ့ဝင်များမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်  မိမိတို့ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)