စားသုံးသူများ အသိပညာတိုးပွားစေရေး ဆွေးနွေးဟောပြောပေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးလမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့်  (၁၃.၁၁.၂၀၂၅) ရက်နေ့  ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ ၊ အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၁၃၄)၊ အခြေခံ ပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၃၀) ဦးနှင့် ဆရာ၊ ဆရာမ () ဦး စုစုပေါင်း (၁၃၅) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်း၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်း များအကြောင်းနှင့် စားသုံးသူကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်()ချက်ကိုလည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်က စားသုံး သူကာကွယ်ရေးဥပဒေ၊ အခန်း ()ပါ စားသုံးသူများရရှိသည့်အခွင့်အရေး ()ချက်နှင့်  စားသုံးသူများ လိုက်နာရမည့်တာဝန် ()ချက်ကိုလည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက် ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)