အွန်လိုင်းမှတ်ပုံတင်နိုင်ဖို့ Talk Show ပြုလုပ်စို့

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာ ဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ပပရွှေသည် (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်နိုင်ရေးအတွက် အွန်လိုင်းမှတ်ကပုံတင်ခြင်းနှင့် စပ်လျဉ်း၍ သိရှိစေရန်အတွက် Talk Show ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

  အဆိုပါဟောပြောပွဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အမိန့် ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ် ထားကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ဆိုင်ရာအမိန့်ကို အမိန်ကြော်ငြာစာအမှတ်(၅၁/ ၂၀၂၃)ဖြင့်လည်းကောင်း ထုတ်ပြန်ထားရှိကြောင်း၊ မှတ်ပုံတင်ရာတွင် www.ecomreg.gov.mm ဝင်ရောက်မှတ်ပုံတင်၍ရရှိကြောင်း၊ မှတ်ပုံတင်လျှောက်ထားနိုင်မည့် အမျိုးအစားများမှာ တစ်ဦးခြင်း စီးပွားရေး လုပ်ကိုင်ဆောင်ရွက်သူများ၊ ကုမ္ပဏီ(သို့) စီးပွားရေးအဖွဲ့အစည်းဖြင့် ဆောင်ရွက်သူများ အနေဖြင့်လည်းကောင်း လျှောက်ထားနိုင်ကြောင်း၊ မှတ်ပုံတင်သက်တမ်းမှာ ()နှစ်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်လျှောက်ထားရာတွင် မဖြစ်မနေပူး တွဲတင်ပြရမည့်အထောက်အထားများအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်ရရှိသူများအား မြေပြင်ကွင်းဆင်းဆောင်ရွက်ရခြင်းအား ရှင်းလင်းရာတွင် အွန်လိုင်းမှတ်ပုံတင်ရရှိတော့မည့်သူများအား မှတ်ပုံတင်လက်မှတ် ထုတ်မပေးခင် ဦးစွာမြေပြင်တွင် ကွင်းဆင်းစစ်ဆေးရကြောင်း၊ ကွင်းဆင်းရာတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်မှ မှတ်ပုံတင်ထား စဉ်က ကုန်စည်(သို့)ဝန်ဆောင်မှုများ မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်းပိုင်ရှင်အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် ဟုတ်/ မဟုတ် အစရှိသည့် အချက်(၁၈)ချက်အား ကွင်းဆင်းစစ်ဆေးပြီး  ပြည့်စုံမှန်ကန်မှု ရှိလျှင် အတည်ပြုပေးရကြောင်း၊ ထိုသို့ ဆောင်ရွက်ပြီးမှသာ မှတ်ပုံတင်လက်မှတ်ရရှိမည်ဖြစ်ကြောင်း ရှင်းလင်း၍ အွန်လိုင်းမှ တစ်ဆင့် အသိပညာပေး လုပ်ငန်းများစီစဉ် တင်ဆက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)