
(19.11.2025)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရွှေဘိုပေါ်ဆန်း ဆန်ဈေးနှုန်းများတည်ငြိမ်ရေး၊ ရွှေဘိုပေါ်ဆန်း ဆန်လိုဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးသို့ လစဉ် ရွှေဘိုပေါ်ဆန်း ဆန်များပုံမှန်စီးဝင်နိုင်ရေး၊ ထိုသို့စီးဝင်နိုင်ရေးအတွက် စီးဝင်/ စီးထွက် လမ်းကြောင်းအခြေအနေများချောမွေ့စေရေး၊ ဒေသအလိုက်ဖြစ်ပေါ်သည့်ဆန်ဈေးနှုန်းများကို စာရင်းညှိနှိုင်းပြုစုထုတ်ပြန် တင်ပြရေး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဒုတိယအကြိမ် ဆန်အိတ် (၅၀၀၀) ဝယ်ယူ/ရောင်းချရေး၊ ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာပါက ဝိုင်းဝန်းထိန်းကျောင်း ဆောင်ရွက်ရေးစသည့် ကိစ္စရပ်များအတွက် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Online(ZoomMeeting) ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှနေပြည်တော်ဦးစီးမှူး၊ နေပြည်တော် ဆန်စပါးနှင့်ဆန်ကုန်သည်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌနှင့် နေပြည်တော်ဆန်စပါးလုပ်ငန်းဆိုင်ရာ ဒေသကော်မတီအသင်းဝင်များမှ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)
