စားအုန်းဆီဈေးကားများဖြင့် ပြည်သူများအား လိုက်လံရောင်းချပေးလျှက်ရှိ

Powered by Drupal

     စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသအလိုက်ဈေးကားများဖြင့် လှည့်လည်ရောင်းချသည့် အစီအစဉ်ကို လည်းထည့်သွင်းဆောင်ရွက်လျက်ရှိရာ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဦးစီး၍ အစိုးရရုံးဖွင့်ရက်များအတိုင်း နေ့စဉ်ရောင်းချပေး လျက်ရှိရာ (၂၉..၂၀၂၂)ရက်နေ့မှစ၍ (၃၁.၁၀.၂၀၂၂) ရက်နေ့အထိ တစ်ရက်လျှင်ဈေးကား()စီးဖြင့် တန်ချိန်(၁၀၀)ကျော်ကို မုံရွာမြို့ပေါ်ရှိရပ်ကွက်များဖြစ် သောအောင်မင်္ဂလာရပ်ကွက်၊ဆူးလေကုန်းရပ်ကွက်၊ရတနာပုံရပ်ကွက်၊ ထန်းတောရပ်ကွက်၊ အောင်ချမ်း သာရပ်ကွက်၊ မြဝတီရပ်ကွက်၊ ဘုန်းစိုးရပ်ကွက်စသည့်မြို့‌ပေါ်ရပ်ကွက်များအပြင် ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေး၊ မန်ကျည်းပင်ဈေး၊ အလုံ ဈေးများနှင့် တိုင်း/ခရိုင်/မြို့နယ်ဝန်ထမ်းများနေထိုင်ရာ အိုးအိမ်ဝန်ထမ်း အိမ်ရာများသို့လည်း အပတ်စဉ်ထွက်ရှိသော ရည်ညွှန်းဈေးအပေါ် ၂ % အမြတ်ထက် မပိုသော ဈေးနှုန်းများဖြင့် ရပ်ကွက်နေရာအစုံလှည့်လည်ရောင်းချပေးလျက်ရှိပါသည်။

          (.၁၁.၂၀၂၂)ရက်နေ့တွင် ဈေးကား(၂)စီးဖြင့်  မုံရွာမြို့စက်မှုဇုန်ရပ်ကွက်နှင့် နတ်လူထိပ်ပန် ရပ်ကွက်များတွင်စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အောက် တိုဘာလ (၃၁) ရက်မှ နိုဝင်ဘာလ (၇) ရက်နေ့အထိထုတ်ပြန်သော အခြေခံလက်ကား ရည်ညွှန်းဈေး အပေါ် မူတည်၍ စားအုန်းဆီ()ပိဿာလျှင်(၄၆၅၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာ နှုန်း ရောင်းချဖြန့်ဖြူးပေးခဲ့ပြီး လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တန်းစီစေခြင်းဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေး နိုင်ခဲ့သဖြင့် ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)