ပုသိမ်ကြီးမြို့နယ် ဦးစိုးဆန်ရောင်းဝယ်ရေးသို့  ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ဝင်းမာ(ဦးစီးမှူး)တို့သည်  ၁၃-၁၁-၂၀၂၅ ရက်နေ့တွင်ပုသိမ်ကြီးမြို့နယ်၊ ဦးစိုးဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးဆန်စပါကုန်သည်များအသင်းမှ အဖွဲ့ဝင်များ ၊ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်နန္ဒာနှင်းမိုး(အငယ်တန်းစားရေး)၊ဦးဖြိုးမောင်မောင်ဇော်(အငယ်တန်းစာရေး)နှင့်ပုသိမ်ကြီးကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးသန်းနိုင်ဦး(အငယ်တန်းစာရေး)တို့ဖြင့် ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ဆန်အရောင်းဆိုင်များအနေဖြင့်ရွှေဘိုပေါ်ဆန်းနှင့် အခြား‌ပေါ်ဆန်း ဆန်အမျိုးအစားများ သင့်တင်မျှတသည့် ဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချမှု မရှိစေရေး၊ဆန်ဈေးနှုန်းတည်ငြိမ်စေရေး အတွက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

  DOCA(မန္တလေး)