ဧရာ၀တီတိုင်းဒေသကြီးအတွင်း စီးပွားဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ စီးပွားရေးရာ၀န်ကြီး ဦးတင်အေး၊ သယံဇာတ၀န်ကြီး ဦးအုန်းမြင့်၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းနှင့် ဆရာ/ဆရာမများ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဧရာ၀တီကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCI ဥက္ကဌ ဦး၀င်းမြင့်လှိုင်နှင့် ခရိုင်မှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ဧရာ၀တီတိုင်းအတွင်း ဖွဲ့စည်းထားသော စီးပွားရေး အသင်းအဖွဲ့များနှင့် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ စုစုပေါင်း ၁၇၆ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်၀င်းမှ မိမိတို့ တိုင်းဒေသကြီးအတွင်း စပါး၊ ပဲမျိုးစုံနှင့် အခြားသီးနှံများ စိုက်ပျိုးလျှက်ရှိပြီး မွေးမြူရေး ကဏ္ဍတွင်လည်း ကြက်၊ ဘဲ၊ ၀က်၊ နွားနှင့် ငါး၊ ပုဇွန်၊ ဂဏန်းများလည်း မွေးမြူလျှက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေသော တိုင်းကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခေတ်မီနည်းစနစ်များ အသုံးပြု၍ ထုတ်လုပ်နိုင်ရေး ပိုလျှံသည့် ကုန်စည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြား ၀င်ငွေရရှိပြီး ဒေသတွင်း စီးပွားရေးလု်ပငန်းများ ဖွံ့ဖြိုးလာမှသာ ပြည်သူများ၏ လူမှုစီးပွားဘ၀မြှင့်တင်နိုင်မှာ ဖြစ်သည့်အတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရ ခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများဖြစ်သော စိုက်ပျိုးရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲ၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူးများမှလည်း မိမိတို့ဌာနအလိုက် ဆောင်ရွက်ချက်များအား ဆွေးနွေး တင်ပြပြီး တက်ရောက်လာသောစီးပွားရေးအသင်းအဖွဲ့များ/လုပ်ငန်းရှင်များမှလည်း မိမိတို့လုပ် ကိုင်နေသော စီးပွားရေးလုပ်ငန်းများ၏ လက်ရှိအခြေအနေ ရင်းနှီးမြှုပ်နှံမှုငွေကြေး လိုအပ်မှု လုပ်ငန်း တိုး ချဲ့နိုင်မှုနှင့် အားသာချက်/ အားနည်းချက်များအားရှင်းလင်းတင်ပြခဲ့ရာတက်ရောက် လာသော တိုင်းဦးစီးမှူးများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက်အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရ သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များမှ စီးပွားဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ပတ်သက်၍ စပါးစိုက်ပျိုးခြင်း ပြည်ပပို့ကုန် သီးနှံများ စိုက်ပျိုးခြင်း မွေးမြူရေးလုပ်ငန်းများမှ ကြက်၊ ၀က်၊ နွား၊ ငါး၊ ပုဇွန်၊ ဂဏန်းမွေးမြူခြင်း၊ ဆားလုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ခြင်း၊ အသေးစား လုပ်ငန်းများ တိုးချဲ့ခြင်း၊ SME လုပ်ငန်းများ မြှင့်တင်ခြင်း၊ စပါးခွံလောင်စာတောင် ထုတ်လုပ်ခြင်း၊ စပါးခွံဓါတ်ငွေ့သုံး အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်လုပ်မှုများ ဆောင်ရွက်ရန်နှင့် ဖွဲ့နုဆီစက်များ တည်ဆောက်ခြင်း၊ သဘာ၀မြေသြဇာ ထုတ်လုပ်ခြင်း၊ အစာစပ်စက်ရုံများ တိုးချဲ့ ခြင်း၊ သီးနှံအခြောက်ခံစက်လှမ်းကွင်းများ ထူထောင်ခြင်း၊ အုန်းအခြေခံစီးပွားရေး လုပ်ငန်းများ မြှင့်တင်ခြင်း၊ ဝါးစိုက်ပျိုးခြင်း၊ ဝါးတောများ ထိန်းသိမ်းခြင်းနှင့် ဝါးထွက်ကုန်များ ထုတ်လုပ်ခြင်း၊ ဆီစက်များ အဆင့်မြှင့်တင် ထုတ်လုပ်ခြင်း one region one product ထုတ်လုပ်ခြင်း၊ စီမံကိန်းများ အပါအ၀င် စုစုပေါင်းအချက် (၂၈)ချက်နှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဆန်/ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ပြောင်းနှင့် အခြားသီးနှံများ တိုးချဲ့ စိုက်ပျိုးရေးနှင့် ဝါး/ကြိမ် အချောထည် ထွက်ကုန်များ ပြည်ပတိုးမြှင့် တင်ပို့နိုင်ရေး မွေးမြူရေးထွက်ကုန်နှင့် ရေထွက် ပစ္စည်းများ၊ ဆားထွက်ကုန်များ၊ CMP လုပ်ငန်း၊ SME လုပ်ငန်း၊ အသေးစားလုပ်ငန်းများ နှင့် အခြားစီးပွားရေးလုပ်ငန်းများ အပါအ၀င် ပြည်ပပို့ကုန် တိုးမြှင့်ရေးဆိုင်ရာ အချက် (၂၀)ဖော် ထုတ်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးမှုမြှင့်တင်နိုင်ရေးအတွက် အသိပညာပေး ကဏ္ဍများ၊ one stop servire ၀န်ဆောင်မှုများ၊ နည်းပညာနှင့် ငွေကြေး အထောက်အပံ့များ ဆောင်ရွက်ပေးရန် လိုအပ်၍ နိုင်ငံတော်မှ ရရှိနိုင်သော ငွေကြေးနှင့် နည်းပညာများကို အသုံးပြု၍ မိမိတို့ တိုင်းဒေသ ကြီးတွင်ရှိသည့် Resources များဖြင့် ပေါင်းစပ်၍ စီးပွားရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက် ရမှာဖြစ်ကြောင်းနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဆိပ်ကမ်း၊ ရေကြောင်း၊ အကောက်ခွန်၊ ကုန်သွယ်ရေးဆိုင်ရာ လိုင်စင်ကဏ္ဍများအတွက် ဆောင်ရွက်ရန် လိုအပ်၍ ကုန်စည်စီးဆင်းမှု အတားအဆီးများ၊ လိုင်စင်နှင့် ခွင့်ပြုချက် နှောင့်နှေးမှုများ ဖြေရှင်း ဆောင် ရွက်ရန်နှင့်ပို့ကုန်ဆိုင်ရာ ငွေကြေးလိုအပ်ချက် အရည်အသွေးနှင့် နည်းပညာဆိုင်ရာလိုအပ် ချက်များ ဖြည့်ဆည်းပေးရန်လည်း လိုအပ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိ သည့် စီးပွားဖွံ့ဖြိုးမှု မြှင့်တင်ရေးဆိုင်ရာ အချက် (၂၈)ချက်နှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးဆိုင်ရာ အချက် (၂၀)အား မူကြမ်းရေးဆွဲ၍ အောက်တိုဘာလ (၂၅)ရက်နေ့ အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများထံသို့ တင်ပြခဲ့ရာ အလုပ်ရုံဆွေးနွေး ပွဲ ရလဒ်အား မူအားဖြင့် သဘောတူခဲ့ပြီး ဌာနတစ်ခုခြင်းမှ ကဏ္ဍတစ်ခုခြင်းအလိုက် အသေးစိတ် ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)