မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေးပွဲသို့ တက်ရောက်လာသော အခြေခံမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ကြောင်း၊ စားသုံးသူတိုင်းသည် စားသုံးသူ အခွင့်အရေး များနှင့် တာဝန်များရှိကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများကို အပြည့်အဝ ကာကွယ် နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းထားကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားထဲတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များအကြောင်း၊ မိမိတို့ အသုံးပြုရမည့် ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များကိုသာ ဝယ်ယူအသုံးပြုရမည်ဖြစ်ကြောင်း၊ စားသုံးသူ နစ်နာဆုံးရုံးမှုများအတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများနှင့် Internet နှင့် Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ၊ Consumer Call No.1535 သို့ခေါ်ယူတိုင်ကြားနိုင်မှုအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ (၂၅)ဦးတို့အား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(မကွေး)