
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိမှုရှိ/ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေး ခြင်းလုပ်ငန်းများ ဦးစားပေးကုန်စည် ၁၀မျိုးသတ်မှတ်၍ ၎င်းတို့အထဲမှ နိုဝင်ဘာလ စစ်ဆေးရန် ကလေးတစ်ကိုယ်ရေးသုံး ပစ္စည်းအမျိုးမျိုးအား ကို(၁၇-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်သူ ဦးအောင်ကျော်သက် နှင့် ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲတို့သည် ပန်းတနော် ကမ်းနား လမ်းမပေါ်ရှိ ကလေးအသုံးဆောင်ပစ္စည်းနှင့် စတိုးဆိုင်(၅) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းဖြစ်သော ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးကြရာ ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးကို အဓိကထား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများကို လုပ်ငန်းရှင်များကိုရှင်းလင်းဆွေးနွေးပြီး၊ ကလေးတစ်ကိုယ်ရေသုံးပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကြိုးနှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန်၊ ၎င်းအချက်များ မပါဝင်သော ကုန်စည်များကို ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
