
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆန်ဈေးနှုန်း တည်ငြိမ်စေ ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ခရမ်းမြို့နယ်တာဝန်ခံသည် နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဆန်ဆိုင်များတွင် ရောင်းချလျှက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာဈေးပြင်ပရှိ ရွှေခြင်္သေ့ဆန်ဆိုင်နှင့် ငြိမ်းဆန်ဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ အား ထောက်ခံစစ်ဆေးရာတွင် ယခင်အပတ်ဈေးနှုန်းများနှင့် ကွာခြားမှုမရှိဘဲ ဆန်ဈေးနှုန်းများ တည်ငြိမ်နေပြီး ၎င်းဆန်ဆိုင်များတွင် ကျောက်တန်းဒေသထွက် ကြားပျံဆန်၊ ခရမ်းဒေသထွက် ဆင်းသုခဆန်၊ မနောသုခနှင့် ရွှေမန်းဆန်အမျိုးအစားများသာ ရောင်းချလျှက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ခရမ်းမြို့နယ်တာဝန်ခံက ဆန်များကို ဝယ်ယူရောင်းချရာတွင် ဝယ်ယူသည့် ဈေးနှုန်းထက် အမြတ်ရာခိုင်နှုန်းကြီးမြင့်စွာ ရောင်းချမှုမပြုကြရန် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် စားသုံးသူများအား ရောင်းချကြရန် ဝယ်ယူဈေးထက် အမြတ်ရာခိုင်နှုန်းများစွာ မြှင့်တင်ရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
