
(၁၉.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဦးမင်းမင်းစိုး (စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် မြောက်ဒဂုံမြို့နယ်ရှိ City Mart တွင် ရောင်းချနေသောကုန်စည်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့်ပစ္စည်းပြတ် လပ်မှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအရာရှိက ဈေးကွက်အတွင်းပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့်ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှု ရှိ/ မရှိ၊ ကုန်ပစ္စည်းများကန့်သတ်ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော City Mart များ တွင်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)
