
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံ နှင့် စစ်ဆေးရေးအရာရှိ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့ သည် (၁၅-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တို့နှင့်အတူ ပူးပေါင်း၍ အမှတ်(၅)ရပ်ကွက်ရှိ အလှကုန်နှင့် အဝတ်အထည်ရောင်းချနေသော ဆိုင်အား ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အဝတ်အထည်နှင့်အလှကုန်များ ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်း ပိုင်ရှင် မနုယဉ်အား ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များကို ရှင်းလင်း ဆွေးနွေးပြီး စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကို ဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုကြောင်း၊ ကုန်စည်အနေဖြင့် စားသုံးသူ ကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အခြားသူများအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကို ဆိုသည်။ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သောစာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့် ကိစ္စရပ်များလည်း ပါဝင်ကြောင်း၊ ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ဆိုကြောင်းနှင့် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ မိမိတို့ရောင်းချသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဥပဒေနှင့်အညီ “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထား၍ ပြည်သူများ၏ဘဝကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနကစစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရောင်းချနေသော ကုန်စည်များ အွန်လိုင်က ရောင်းချပါက အွန်လိုင်းမှတ်ပုံတင်ခြင်းဖြင့် စိတ်ချရသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ် ပြီး၊ အွန်လိုင်းပေါ်တွင် လိမ်လည်သူများပြားနေ၍ တရားဝင်လုပ်ကိုင်ဆောင်ရွက်သော စီးပွားဖြစ်လုပ်ငန်း တစ်ခု ဖြစ်နိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များ၊ အမိန်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၎င်း လုပ်ငန်းမှ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ပြီးစီးပြီး ဌာနများ၏ လမ်းညွှန်ချက်၊ များအတိုင်းရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
