ပန်းတနော်မြို့နယ်တွင် စားအုန်းဆီရောင်းချမှုကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် မြို့နယ်တာဝန်ရှိ ဝန်ထမ်းများသည်  (ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၅-၁၁-၂၀၂၅)ရက်နေ့ နံနက်(၈) နာရီ အချိန်တွင် ပန်းတနော်မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်နှင့် ဘုရင်နောင်လမ်းရှိ ဦးမြင်ဈေး စားအုန်းဆီလက်လီအရောင်းဆိုင် ၂ဆိုင်အား   သတ်မှတ်ချက် များနှင့်အညီ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းရာတွင် နိုင်ငံတော်မှ စားသုံးသူပြည်သူများ သက်သာ သော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန် နေ့စဉ်သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချခြင်း ရှိမရှိနှင့်  ထုတ်ပေးသော စားအုန်းဆီများကို လက်လီ အရောင်းများမှ  အလေးချိန်၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ ၊ ဈေးနှုန်းမှန်ကန်မှု ရှိ/မရှိ ၊ လစဉ် ပုံမှန်ရောင်းချပေးမှုရှိ/မရှိ၊ ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း ဈေးဖြင့် တစ်အိမ်ထောင်လျှင် သတ်မှတ်ပိဿာများအတိုင်း ရောင်းချနေခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)