မြို့မဈေးရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကို သည် (၁၉.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၅၀) အချိန်တွင် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးစည်ပင်မှပူးပေါင်းပါဝင်လျက် ဆန်ဆိုင်များဖြစ်သော ဦးအေးမော်၊ ဦးမြင့်ကြည်၊ ဦးပိုင်မင်းဟိန်းနှင့် ဒေါ်ထက်ထက်နိုင်ဆန်ရောင်းချသူများအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းများ မပြုလုပ်ကြရန်၊ ဈေးနှုန်းများကို လည်း အများပြည်သူမြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ ရောင်းချရန်နှင့်ဆန်အမျိုး အစားအလိုက် သင့်တင့်မျှတသော ဆန်ဈေးကွက်၊ ဆန်ရည်ညွှန်းဈေးကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာမှုမရှိသော လုပ်ငန်းရှင်များအား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)