အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်ရှိ အ.ထ.က (၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦး တို့သည် (၁၉.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၅) အချိန်တွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက် ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အ.ထ.က(၅)ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးစိန်က အဖွင့် အမှာစကားပြောကြားပြီး ဒေါ်နီလာဦးဦးစီးမှူးက ကျောင်းသား/ကျောင်းသူများအား ကမ္ဘာ့ စားသုံးသူအခွင့် အရေးနေ့ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များ အကြောင်း၊ စားသုံး သူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူ များ ကုန်စည်နှင့်ဝန်ဆောင်မှု များနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာ ပေးဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ(၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)