
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၈) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ညောင်တုနး်မြို့နယ် ၉ရပ်ကွက် အတွင်းရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်နှင့် အဖွဲ့တို့ က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန် ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်း ရှိမရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချ ပေးနိုင်ရေး ဆိုင်ရှင်များကို ဆွေးနွေးခဲ့ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများ မရှိကြောင်း နှင့် ဆန်ဆိုင်များမှ မှတ်ပုံတင်ဆောင်ရွက်ပြီးစီးကြောင်းနှင့် သက်တမ်းတိုးလုပ်ငန်းများလည်း ရက်ပြည်မီသူများက ဆောင်ရွက်ထား၇ှိပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟုသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
