ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဆန်/ စပါး သိုလှောင်ရုံများ(Myro)မှတ်ပုံတင်ခြင်း အစည်းအဝေးပြုလုပ်

Powered by Drupal

      ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အစည်းအဝေးခန်းမတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်း/ စပါး လုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်ပိုင်ရှင်များသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နေ့လယ် ( ၁၄: ၀၀ )နာရီအချိန်တွင် ဆန်/ စပါး သိုလှောင်ရုံများ(Miro)မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက ဖျာပုံ မြို့နယ်အတွင်း ဆန်/ စပါး သိုလှောင်ရုံများ (MIRO)နှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်းကိစ္စများ၊ (MIRO) ဆန်/ စပါး ရ/ထုတ်/လက်ကျန်စာရင်းများ၊ ဆန်/စပါး စီးဝင်/စီးထွက်နှင့် ကုန်ပို့လွှာစနစ်ဖြင့် ဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ ဆန်/ စပါး သိုလှောင်ရုံများ (MIRO) လစဉ် မှန်ကန်စွာပေးပို့ကြရန်နှင့် ဆန်စက်ပိုင်ရှင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )