မင်းရွှေစင် ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်မြင့်မိုရ်”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် “မင်းရွှေစင်”ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “မင်းရွှေစင်” ဆန်စက်အား  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ် မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်း ဆောင်ရွက်ကြရန်၊ MIROစာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )