
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင် ရာများနှင့်ပူးပေါင်း၍(၁၇.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၄၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ လက်ပံရပ် အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကျန်းမာရေးအဖွဲ့၊ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိ ပညာပေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။
EYDNS (DOCA ဧရာဝတီ)
