မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင်းရှိ အခြေခံလူတန်းစားများအား တဖက်တလမ်းမှ စားဝတ်နေရေးအထိုက်အလျောက် ပြေလည်စေရန်အတွက် (၃.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၈:၄၅)နာရီအချိန်တွင် မင်းဘူးမြို့ ကားကြီးကွင်းအရှေ့ဘက်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်များအား ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရေး စီစဉ်မှုအရ ဆန်အိတ်(၂၀)အား ဆန်တစ်ပြည်လျှင် ကျပ်(၁၅၀၀)ဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၅)ပြည်နှုန်း ရောင်းချခဲ့ပါသည်။
ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်ကြည်(မြို့နယ်တာဝန်ခံ)နှင့်ခရိုင်ရုံးမှ ဝန်ထမ်းများ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)