တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ အောက်တို ဘာလအထိ (၇)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(6.239)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(3.714)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (9.953)ဆောင်ရွက်နိုင်ခဲ့ပါသည်။ နိုဝင်ဘာလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း(0.054)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(0.057) စုစုပေါင်း ကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာသန်း(0.11၁)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (8)လတာကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၆.293)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း(3.၇71)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (10.064)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ်(13.786)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ နိုဝင်ဘာလထိ(၈)လတာ လျာထား ချက်အပေါ် (25.035)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်း များအရ သိရပါသည်။

     အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ အုန်းသီးနှင့် နန့်ဖာလုံကုန်စုံတို့ဖြစ်ပြီး သွင်းကုန်များ အနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရပါသည်။

     တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)