
၂၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စက်သုံးဆီ အရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ စနစ်တကျရောင်းချစေရေးအတွက် ကျိုက်ထို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြားမိတ်ဖက်ဌာနဆိုင်ရာများ၊ စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စက်သုံးဆီအရောင်းဆိုင်များသို့ လိုက်လံစစ်ဆေး ခဲ့ကြပါသည်။
ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီအမျိုးအစားအလိုက် စျေးနှုန်း မြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/မရှိ၊ ဆီအရည်အသွေးအလေးချိန် ပြည့်ဝမှန်ကန်မှု ရှိ/မရှိ၊ စက်သုံး ဆီပြတ်လပ်မှုမရှိစေရေးတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA (မွန်)
