ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာကြက်‌ခြေနီ ကော်မတီ (ICRC)မှ ခြေတုလက်တုများ ပြုလုပ်ဆောင်ရွက်ပေး

Powered by Drupal

    ၁၉.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင် ၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)နယ်လှည့်ခြေတု တပ်ဆင်ရေးအဖွဲ့မှ ပေါင်မြို့နယ်အတွင်းရှိ မသန်စွမ်း ပြည်သူများအား ခြေတုလက်တု အခမဲ့ပြုလုပ်ပေးခဲ့ရာ ပေါင်မြို့နယ်အတွင်းရှိ ပြည်သူစုစုပေါင်း(၃၁)ဦး ပြုလုပ်ခဲ့ကြောင်းသိရသည်။ ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲ‌အနေဖြင့် ခြေတုလက်တုများပြုလုပ်ပေးခြင်းဖြင့် လမ်းလျှောက်နိုင်ခြင်း၊ အရာဝတ္ထုများကို ကိုင်တွယ်ပြုလုပ်နိုင်ခြင်း ၊ကိုယ်ဟန်အနေအထား ထိန်းညှိရန်  ခန္ဓာကိုယ်၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးခြင်း၊ ကျန်ရှိသော အစိတ်အပိုင်းများကို ထိခိုက်မှုမှ ကာကွယ် ပေးခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ဒဏ်ရာများကို လျှော့ချပေးခြင်း၊ ယုံကြည်မှုပြန်လည်ရရှိစေခြင်း၊ ခန္ဓာကိုယ်၏ ပုံသဏ္ဍာန်ပကတိကို ပြန်လည် ရရှိစေခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ပိုမိုလွယ်ကူစွာ ပြန်လည်ပေါင်းစည်းနိုင်ခြင်း စသည်များ ပြန်လည်ခံစားရရှိစေရန်  ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)