မော်လမြိုင်မြို့နယ်အတွင်း ရန်ကုန်မြို့စားအုန်းဆီကုမ္ပဏီများမှ စက်မှုလုပ်ငန်းသုံး စားအုန်းဆီဝင်ရောက်လာမှုအား ကြီးကြပ်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်နှင့် ဝန်ထမ်းများသည် ၂၁.၁၁.၂၀၂၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ ရတနာထွန်းပွဲရုံဝင်းအတွင်း ရန်ကုန်မြို့ယုဇနကုမ္ပဏီ မှ  6J/6791၊ 4D/1823 ယာဉ်တို့ဖြင့် စက်မှုလုပ်ငန်းသုံး စားအုံးဆီ ပေပါ (၂၂၀) ရောက်ရှိကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးခဲ့ရာတွင် စားအုန်းဆီရောက်ရှိသည့် ပိဿာချိန်အရေအတွက် မှန်ကန်မှု ရှိ/မရှိ၊ ဆီအရည်အသွေး မှန်ကန်မှု ရှိ/မရှိ၊ စက်မှုလုပ်ငန်းနေရာများတွင် သုံးစွဲရန်အတွက် ဟုတ်/မဟုတ် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)