မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ ပြည်သူများသို့ ဆီလုပ်ငန်းရှင်များက ဈေးကားဖြင့် စားအုန်းဆီများ ရောင်းချပေးနေမှုအား စိစစ်ကြပ်မတ်

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ‌ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် (၉.၁၁.၂၀၂၂) ရက်နေ့တွင် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ “တင်ဝင်း” စားအုန်းဆီ ရောင်းဝယ်ရေးမှ ဈေးကားဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀)ကျပ်နှုန်း ဖြင့် ရောင်းချပေးနေမှုကို ကွင်းဆင်း စိစစ် ကြပ်မတ်ခဲ့ပါသည်။

      ထိုသို့ရောင်းချရာတွင် လူတန်းစေ့ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း ၊ စနစ်တကျတန်းစီစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းတူညီမျှ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)