
၂၃.၁၁.၂၀၂၅ ရက် တနင်္ဂနွေနေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားသုံးးဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းဖြင့်ရောင်းချခြင်း၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
