မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (၂၀၂၅- ၂၀၂၈) သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

Powered by Drupal

     မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ၂၂.၁၁.၂၀၂၅ ရက် (၁၀:၀၀) နာရီတွင် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဝင်များနှင့် ညီနောင်အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

                အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ-၁ ဦးအောင်မျိုးဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေးကော်မရှင် ဥက္ကဌက အသင်း အဖွဲစည်းမျဉ်းပါ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အလုပ် အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင်များမှ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ အခမ်းအနားအား (၁၁:၀၀) အချိန် တွင် ခေတ္တရပ်နားခဲ့ကြောင်းသိရှိရသည်။

                ထို့နောက် (၁၁:၄၅) ချိန်တွင် အလုပ်မှုဆောင်အဖွဲ့သစ်အား စတင်ရွေးချယ်ခဲ့ရာ အလုပ်အမှုဆောင် (၅၅) ဦးအား  အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေး ကော်မရှင် အဖွဲ့ မှ အတည်ပြုပေးခဲ့ပြီး မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားအား (၁၅:၀၀) ချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)