မင်းဘူးမြို့ပေါ်ရှိဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်မှုဖြင့် မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ပေါ်ရှိ ဆန်ဆိုင်များဖြစ်သော စန်းရတနာတင့်၊ စွယ်တော်၊ မြညီနောင်၊ သိန်းကမ္ဘာ၊ မလေးနှင့် ခိုင်ဆန်ဆိုင်များသို့ သွားရောက်၍ သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

            ထိုသို့စစ်ဆေးရာတွင် ဆန်အမျိုးအစားအလိုက် ဒေသထွက် ဧရာပဒေသာဆန်အဟောင်း () အိတ်လျှင် ကျပ်(၁၃၅၀၀ဝ)၊ ဧရာပဒေသာဆန် (မြောင်းမြ) ()အိတ်လျှင် ကျပ်(၁၀၅၀၀ဝ)၊ ရက်-၉၀၊ မနောသုခ နှင့် ဖန်သီးဆန်အမျိုးအစားများအား ()အိတ်လျှင် ကျပ်(၇၅၀၀ဝ- ၈၅၀၀ဝ- ၉၀၀၀ဝ)၊ ရတနာတိုး()အိတ်လျှင် ကျပ်(၆၅၀၀ဝ - ၇၀၀၀ဝ)ဖြင့် ရောင်းချနေပါကြောင်း စစ်ဆေးတွေ့ရှိရပြီး သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းများနှင့် ကွာဟမှု့မရှိသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချနေကြောင်းနှင့် MyRo တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ ဆန် ဆိုင်များအား လစဉ်လဆန်း ()ရက်နေ့မှ (၁၀)ရက်နေ့အတွင်း ကုန်ရကုန်ထုတ်လက်ကျန်စာရင်း များအား ဖြည့်သွင်းပေးစေရေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)