
(၂၅-၁၁-၂၀၂၅)ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးသိန်းထွန်း (ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဆန်စက်လုပ်ငန်းရှင်အသင်းတို့ပါဝင်သော ဆန်စပါးသိုလှောင်ရုံ စစ်ဆေးရေးအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး အပြင်တန်း မင်္ဂလာဆန်ဆိုင်၊ အာဟာရသုခဈေး ဒေါ်သီတာဝင်း ဆန်ဆိုင်၊ ပြူတွင်းအုပ်စု၊ သရက်ကုန်းကျေးရွာ ရွှေဝါဝင်းဆန်စက်နှင့် ရွှေဝါဝင်းပေါင်းစက် လုပ်ငန်း များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံတင်နိုင်ရေး၊ သက်တမ်းတိုးရေး၊ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများကို သတ်မှတ်ရက်အတွင်း အချိန်မီ ထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြေပြင်ဆန်လက်ကျန်များအား စာရင်းကောက်ယူ ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
