မြင်းခြံခရိုင်တွင် Talk Showအစီအစဉ် ဆောင်ရွက်ခြင်း

Powered by Drupal

            မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)သည် မြင်းခြံခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၁၉-၁၁-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် Onlineရောင်းဝယ်ခြင်းအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

            ဟောပြောဆွေးနွေးရာတွင် Onlineရောင်းချခြင်းဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုကို Onlineမှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ Onlineရောင်းဝယ်ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ Onlineမှ ရောင်းချသည့် ကုန်စည်၊ဝန်ဆောင်မှုများကို ဝယ်ယူခြင်းနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်အောင် ကြိုတင်စိစစ်ဆောင်ရွက်သင့်သည့်အချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ မှတ်ပုံတင်ထားသည့် Online ရောင်းချမှုများကိုသာ ယုံကြည်စိတ်ချစွာ ဝယ်ယူသင့် သည့် အခြေအနေများ၊ ဝယ်ယူပြီးနောက် ဖြစ်ပေါ်လာသည့် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ တိုင်ကြားရမည့် နေရာဌာနများ၊ တိုင်ကြားရမည့် နည်းလမ်းများ စသည့် စားသုံးသူပြည်သူများအနေဖြင့် Onlineရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သိသင့်သိထိုက်သည့် အချက်များအား အကျယ်တဝင့် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)