
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန် တွင် စလင်းမြို့၊ ပေါင်းနားရပ်ကွက်ရှိ “ ဓနသုခ ” ဆန်စက်လုပ်ငန်းရှင်ဦးခင်မောင်ဌေးနှင့် တွေ့ဆုံ၍ MyRoမှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးကိစ္စပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် စလင်းမြို့နယ်တာဝန်ခံက ဆန်စက်လုပ်ငန်းရှင်အား MyRoတင်ထားပြီး (၁)နှစ်ပြည်ပါက သက်တမ်းတိုးရန်နှင့် MyRoတွင် လစဉ် လဆန်း(၁) ရက်မှ (၇)ရက်ထိ ကုန်ရ၊ ကုန် ထုတ်နှင့် လက်ကျန် စာရင်းများအား မပျက်မကွက်ရေးသွင်းပေးကြပါရန် လိုကြောင်း၊ နည်းပညာ အခက်အခဲရှိပါက ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန် အထိ ဆန်လက်ကျန် များကို မှန်မှန်ကန်ကန်ပြောရန်လိုအပ်ပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး သည့်အခါ ကွဲလွဲမှုများရှိပါက လုပ်ငန်းရှင်ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ကြောင်း အသိပညာပေးဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
