ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီး ဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ တောကော့ရပ်ကွက်နှင့်ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင် (၄)ဆိုင်အား ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းများသည်လည်း တည်ငြိမ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

        စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးများ နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးပစ္စည်းများကို ဈေးကွက်အတွင်းရောင်းချခြင်း မပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Registration No. (IR) များ ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ ဆေးဝါး ရောင်းချခွင့်လိုင်စင်များ ပုံမှန်သက်တမ်းတိုးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။    

DOCA(ရှမ်း)