သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

      ၂၆.၁၁.၂၀၂၅ ရက် နေ့လယ်  (၁၃း၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ အထက (၁) မုဒုံ ကျောင်း၌  ကျင်းပပြုလုပ်သော သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

    ဦးစွာ အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ အထက်တန်းအဆင့် ကျောင်းသား (၁၁၀) ဦး၊ ကျောင်းသူ(၉၀)ဦး ဆရာမ(၁၀) ဦး တက်ရောက် ခဲ့ပြီး ဦးစီးအရာရှိ ဦးကျော်မျိုးမင်းမှ လေထုညစ်ညမ်းခြင်း၊ မီးခိုးမြူငွေ့အန္တရယ်နှင့် မီးခိုးမြူငွေ့ လျော့ချရေး၊ တောမီးကာကွယ်ရေးအစီအစဉ်များအားလည်းကောင်း၊ တောအုပ်ကြီး ဦးမြင့်‌ထွေးမှ  သစ်တောထိန်းသိမ်းရေး ဆိုင်ရာများအားလည်းကောင်း၊ တောအုပ်ကြီး ဦးဝင်းစိုးမှ ရေသယံဇာတနှင့်ပတ်သက်သော အကြောင်းအရာများအားလည်းကောင်း ဟောပြောဆွေးနွေး ခဲ့ပါပြီးကြောင်း သိရသည်။

DOCA (မွန်)