ကြံခင်းမြို့နယ် Online စနစ်ဖြင့်ရောင်းချသူလုပ်ငန်းရှင်အား အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၁၉) ရက် နေ့ နေလယ် (၁၄:၀၀)အချိန်တွင် ကြံခင်းမြို့နယ်၊ သခွတ်တန်း၊ ဘက်ရဲ အမှတ်.၁နယ်မြေရှိ Thuya Ya ငါးမျှားပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနေအိမ်၌ Online ရောင်းချသူ ကိုသူရထွန်းနှင့်တွေ့ဆုံကာ Online ရောင်းချမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ Online စနစ်ဖြင့် ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်း ဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ် ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြ ထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ  စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြမှု တို့ကိုစိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် ကိုသူရထွန်းနှင့်တွေ့ဆုံ၍ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)