
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန တာဝန်ခံဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၈.၁၁.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ငပုတောမြို့နယ်၊ အုတ်ရှစ်ကွင်းအုပ်စု အုတ်ရှစ်ကွင်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူ ပြည်သူများအား ဆီဝယ်ယူရန်အတွက် ဆီစာအုပ်များဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး ဆီစာအုပ်ဖြန့်ဝေရာတွင် ဆီစာအုပ်ပြုလုပ်သောလူမှလွဲ၍ အခြားလူများ ဝယ်ယူခြင်းမပြုရန်၊ ဆီဝယ်ယူခွင့်ပြုထားသည့်ကာလအတွင်း သတ်မှတ်ပမာဏကိုသာ ဝယ်ယူရရှိရန်၊ ဝယ်ယူရရှိသည့်ဆီကို မိမိ မိသားစုစားသုံးရန်အတွက်သာ သုံးစွဲရမည်ဖြစ်ပြီး တစ်ဆင့်ပြန်လည် ရောင်းချခြင်းမပြုကြရန်၊ စာအုပ် ပျက်စီး/ပျောက်ဆုံးပါက စာအုပ်ထုတ်ပေးထား သည့်နေရာသို့ သတင်းပို့ တင်ပြရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်း မပြုကြရန် မိမိလက်ဝယ်တွင်သာထားရှိကြရန် ရှင်းလင်းပြောကြားပြီး အုတ်ရှစ်ကွင်းကျေးရွာတွင် စုစုပေါင်း ဆီစာအုပ်(၂၀၀)အုပ် ဖြန့်ဝေပြီးဖြစ်ပါသည်။
(DOCA) ဧရာဝတီ
