
စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ခန်းမဆောင်၌ မုန့်ဖတ်လုပ်ငန်းရှင်(၈)ဦးအား ထုတ် ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင် စေရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်များ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ပေးစေလို ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များ သိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊သတ်မှတ်ထားသောစံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေးစသည်တို့ကို အသိပညာ ပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင် များမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်းသိရှိရပါသည်။
(DOCA ဧရာဝတီ)
