လေးမျက်နှာမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၄.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် လေးမျက်နှာမြို့နယ် အိုင်သပြုရွာ၊ ကွင်းမတာလေးရပ်ကွက်ရှိ ကောင်းကင်ကြယ်ပွဲရုံ၌ ဆန်စက်လုပ်ငန်းရှင်(၅) ဦးအား MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ ဆန်စပါး အွန်လိုင်း(MyRo)တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်  ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ်လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း  သိရှိရပါသည်။

 (DOCA ဧရာဝတီ)