
စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်တာ၀န်ခံနှင့် ဝန်ထမ်းများသည် ၂၄-၁၁-၂၀၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လေးကုန်း(အ.မ.က) ကျောင်းရှိ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်တာ၀န်ခံက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ် ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသား အကြောင်း ကို ဟောပြောခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
