
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့ သည် ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ဒေးဒရဲမြို့ရှိ ဆန်စက်များသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဆန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆန်စပါးအရည်အသွေးပြည့်မီစေရေး၊ အချင်အတွယ်များ ပြည့်မီမှန်ကန်မှု ရှိ / မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ /မရှိ၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် SMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ စက်ကိရိယာနှင့် ပတ်သက်၍ နည်းစနစ်သစ်များ၊တပ်ဆင်မှုများခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ အလုပ်သမား မိသားစုများအတွက် စား၀တ်နေရေးပြေလည်စေနိုင်ခြင်း စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(Docaဧရာဝတီ)
