
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိဆေးအရောင်းဆိုင်များတွင် စံမညီ ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါး အရောင်းဆိုင်များအား သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင် များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင် (၆)ဆိုင်အား ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ၊ မရှိ စစ်ဆေးခြင်း၊ စံမညီ ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ တရားမဝင် ဆေးဝါးအတုများနှင့် စပ်ဆေးများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုက်နာရမည့် အချက်များကို ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
(Docaဧရာဝတီ)
