
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မင်္ဂလာဖေမြင့်ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535 လိုင်းခွဲ(၁)နေပြည်တော်၊ လိုင်းခွဲ(၂)ရန်ကုန်၊ လိုင်းခွဲ(၃)မန္တလေးသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ ဆန်တန်ချိန်(၂၅) တန်အထက် စပါးတင်း(၂၅၀၀)အထက်သိုလှောင်ပါက myroတွင်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ပြီးသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာ ဆောင်ရွက် ကြရန်အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
