မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့်တွေ့ဆုံ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း () ဦးတို့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်ရှိ စစ်ကိုင်းမြို့နယ် မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးထွန်းထွန်းနှင့် တွေ့ဆုံခဲ့ပါသည်။

      စစ်ကိုင်းမြို့နယ်တွင် မိရိုးဖလာလက်ဆင့်ကမ်းအမွေအဖြစ် ဆွေစဥ်မျိုးဆက် ငွေထည်ကြေးထည်လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူပေါင်း(၂၅၀) ဦးခန့်ရှိသဖြင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဦးဆောင်၍ စစ်ကိုင်းမြို့နယ်မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့က အလုပ်အမှုဆောင်(၂၁)ဦး၊ အသင်းသား(၆၀)ဦး ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကုန်ချောပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့်တောင်ကြီး စသည့်မြို့ကြီး များသို့ရောင်းချသည့်အပြင် ပြည်တွင်းတွင်ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲများ ပြုလုပ်ခဲ့သည့် အကျိုကျေးဇူးကြောင့် အိန္ဒိယနိုင်ငံမှ အမှာစာများဖြင့် မှာယူဝယ်ယူမှုများ လည်းရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)