
ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်(၂၈-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင်ဒေးဒရဲမြို့ပေါ်ရှိဘိလပ်မြေဆိုင်များသို့ ဒေးဒရဲမြို့နယ်တရားမ၀င် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့က အဆိုပါဘိလပ်မြေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ပါ၀င်သော ပူးပေါင်းအဖွဲ့က ဘိလပ်မြေဈေးနှုန်းအခြေအနေများအား မေးမြန်းခြင်း၊မည်သို့ရောင်းချပေးနေကြောင်းမေးမြန်းခြင်း ၊ဘိလပ်မြေများပုံမှန် ရောက်ရှိ မှုရှိ/မရှိမေးမြန်းခဲ့ပြီးတရား၀င်လိုင်စင်ရှိ/မရှိ၊မည်သည့်ဘိလပ်မြေအမျိုးအစားများရောင်းချကြောင်းနှင့် လက်ကျန်အိတ်အရေအတွက်တို့ကိုမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
