
၁.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်မှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ကျိုက်ထိုခရိုင်၊ သထုံခရိုင်၊ ရေးခရိုင်မှ ဝန်ထမ်းများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ဒါဘာ၌ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် လာမည့်ရွေးကောက်ပွဲတွင် ဝန်ထမ်းနှင့်မိသားစုများမှ ဆန္ဒမဲပေးကြရန်၊ ဆန်စပါး သိုလှောင်ရုံများရှိ လက်ကျန် စာရင်းများကို ကွင်းဆင်းကောက်ယူသွားရန်၊ ဆန်စပါး သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ထည့်သွင်းခြင်းကို ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များအား ကြပ်မတ် ဆောင်ရွက်သွားရန်၊ မိမိတို့လုပ်ငန်းများအား လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ အသီးသီးဆန္ဒဖော်ထုတ်ခဲ့ကြပြီး Commerce Journal တွင် သတင်း/ဆောင်းပါး ရေးသားဖော်ပြပါရှိသူများနှင့် Website တွင် သတင်း(၁၀) ပုဒ်နှင့် အထက် ရေးသားဖော်ပြပါရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
