တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)သို့  တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၅)အား စီးပွားရေးရာဝန်ကြီးဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး စီးပွား‌ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီအဖွဲ့ဝင်များမှ ဒေသတွင်း MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ဦးချင်းဆွေးနွေးခဲ့ကာ စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား (၁၅း၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)