
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဝဲကျွန်းရပ်ရှိ အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် စက်မှုစိုက်ပျိုးနည်းပညာများကို သင်ယူခွင့်ရရှိနိုင်ရေး အသိ ပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မိဘများ၊ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ ပါသည်။
ဟောပြောပွဲတွင် ခရိုင်ပညာရေးမှူးရုံး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနတို့မှ ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ လိုက် နာရမည့် အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော် ပြခြင်းဆိုင်ရာများအကြောင်းများ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
